Makgeolli History: မက်ဂေါ်လီ အကြောင်း

မက်ဂေါ်လီ (ကိုရီးယား: 막걸리) သည် ကိုရီးယားတို့၏ ရိုးရာယမကာတစ်မျိုး ဖြစ်သည်။ အရောင်မှာ နို့ဖျော့ရောင် (ထန်းရည်နှင့် အရောင်တူ) ဖြစ်သည်။ အနည်ထိုင်လျှင်မူ အဖြူဘက်သန်းသည်။ ပျစ်သယောင်ရှိပြီး အချိုစွက်သည့် ခါးသက်သက် စိမ်ရည်မှ ရှတတအရသာကို ခံစားနိုင်သည်။ အယ်ကိုဟောပမာဏ (၆) ရာခိုင်နှုန်းမှ (၉) ရာခိုင်နှုန်းသာ ပါဝင်သည့်အတွက် ပွဲလမ်းသဘင်သောက် ယမကာအဖြစ် သတ်မှတ်ကြသည်။

makgeolli History image small
ကိုရီးယားနိုင်ငံတွင် မက်ကောလီအား အရက်ကဲ့သို့ ချက်ခြင်းမဟုတ်ဘဲ ဝိုင်ကဲ့သို့ ပုလင်းထဲထည့်ကာ စိမ်ရည်ခံသည်။ သို့သော်လည်း တာရှည်မခံသည့်အတွက် ရောင်းတန်းဝင်စိမ်ရည်များကိုမူ ဓာတ်ကူများ၊ အရသာမှုန့်များထည့်ကာ ချက်လုပ်ကြသည်။

Makkoli သို့မဟုတ် makgeolli သည် ပုံမှန်အားဖြင့် ပေါ့ပေါ့ပါးပါး ချိုသော်လည်း အချို့သော စျေးသက်သာသော ဗားရှင်းသည် သကြား (သို့) aspartame ထည့်ခြင်းကြောင့် အထူးသဖြင့် ချိုနိုင်သည်။ ၎င်းကို စစ်ထုတ်ထားခြင်းမရှိဘဲ ဒိန်ချဉ် နှင့် ဆင်တူပြီး အနည်းငယ် တင်းမာသည် ။ မက်ကော်လီပုလင်းအများစုသည် တောက်ပြောင်ပြီး အဖျော်ယမကာကို လန်းဆန်းစေသည်။ နှာတံတွင် ချိုသောထမင်းနှင့် ဒိန်ချဉ်တို့ ပါဝင်နိုင်ပြီး ပျစ်သောဝိုင်သည် နို့နှင့် ခရင်မ် ခံတွင်းအရသာရှိသည်။ စပျစ်သီးကို အသုံးပြု၍ မပြုလုပ်ထားသောကြောင့် သဘာဝအချဉ်ပေါက်ခြင်းကြောင့် ချဉ်ရည်နိမ့်မှ အလယ်အလတ်အထိ ပါဝင်ပြီး tannins မရှိပါ။

ကိုရီးယား ယမကာသမိုင်းတွင် အစောဆုံးဖြစ်ပြီး ခရစ်တော်မပေါ်မီ (၁) ရာစုမှ ခရစ်တော်ဖွားအပြီး (၇) ရာစုအကြား၊ သုံးပြည်ထောင်လက်ထက်ကတည်းက စခဲ့ခြင်းဖြစ်သည်။ ဒုံမြောင်မင်းလက်ထက်တွင် သောက်သုံးကြောင်း (၁၃) ရာစုထုတ် ဂေါ်ယောင် ကိုရီးယားစာအုပ်တွင် ဖော်ပြထားသည်။ ၁၉၆၀ နှင့် ၁၉၇၀ ခုနှစ်ကြားတွင် အသောက်များခဲ့ပြီး ၁၉၇၀ ကျော်ကာလတွင် ပြည်ပမှသွင်းသည့် ယမကာများကြောင့် လူကြိုက်နည်းလာသည်။ ရိက္ခာအခက်အခဲကြောင့် အစိုးရမှလည်း ဆန်ရာရှင်ကို လျှော့ချထားသည်ကလည်း တစ်ကြောင်းဖြစ်သည်။ ကျန်းမာရေးကောင်းကျိုးအပြင် ယမကာအာနိသင်နည်းသော မက်ဂေါ်လီမှာ (၂၁) ရာစုတွင် မြို့ပြလူငယ်များအကြား ပြန်လည်ခေတ်စားလာသည်။ (၇၅၀) မီလီလီတာ ရှိသော မက်ဂေါ်လီတစ်ပုလင်းမှာ ဈေးနှုန်းအားဖြင့် ဝမ် (၁၂၀၀) ဝန်းကျင်သာ ရှိသည်။ ယခုအခါ ဓာတုဆေးမသုံးသည့် သဘာဝအတိုင်းထုတ်လုပ်သည့် မက်ဂေါ်လီများ ရလာပြီ ဖြစ်သည်။ ၂၀၁၇ ခုနှစ်ထုတ် စာရင်းအရ တောင်ကိုရီးယားတွင် မက်ဂေါ်လီချက်သည့် အသေးစားလုပ်ငန်း (၇၀၀) ခန့် ရှိသည်။